skip to main content

1.Accordian with Text and Image as list items

၁။ Chubb LifeBalance အကြောင်း

image

Chubb LifeBalance သည် 360° နည်းလမ်းဖြင့် သင်၏ ကျန်းမာရေး၊ ကောင်းမွန်စွာ နေထိုင်ရေးနှင့် ဘဝနေထိုင်မှုပုံစံတို့အတွက် အွန်လိုင်းမှ သင်ကြားပေးသူ ပုဂ္ဂိုလ်ရေးနည်းပြ ဖြစ်ပါသည်။ သင်၏ ဘဝနေထိုင်မှုပုံစံကို စီမံခန့်ခွဲရန်၊ ကိုယ်စိတ်နှစ်ပါး ညီညွတ်မျှတရန်သာမက တစ်ဦးချင်း ကျန်းမာရေး ရည်မှန်းချက်များ စောင့်ကြည့်ရန်အတွက်ပါ အကူအညီပေးပါသည်။

App Store သို့မဟုတ် Google Play တွင် Chubb LifeBalance အက်ပ်ကို ဒေါင်းလုတ်ယူပြီး စာရင်းသွင်းရန် အဆင့်ဆင့် ဆောင်ရွက်ပါ။ ဝက်ဘ်ဆိုက် Browser တစ်ခုခုမှနေ၍လည်း  mm.chubblifebalance.com သို့ ဝင်ရောက်နိုင်ပါသည်။

၂။ အကောင့်ဖန်တီးခြင်း/ ဖျက်သိမ်းခြင်း

စာရင်းသွင်းခြင်း လုပ်ငန်းစဉ်မှာ မိုဘိုင်းအက်ပ် (iPhone သို့မဟုတ် Android) နှင့် ဝက်ဘ်ဆိုက်တို့နှင့် ဆင်တူပါသည်။ မိုဘိုင်းအက်ပ်တွင် အသုံးပြုသူများကို စာရင်းသွင်းရန် လုပ်ငန်းစဉ်သို့ တိုက်ရိုက် လမ်းညွှန်သွားပါမည်။ mm.chubblifebalance.com တွင် အသုံးပြုသူများက ‘‘စာရင်းသွင်းမည်’’ ခလုတ်ကို နှိပ်ကာ စတင်ဆောင်ရွက်နိုင်ပါသည်။

စာရင်းသွင်းခြင်း လုပ်ငန်းစဉ်အတွင်း သင့်မိုဘိုင်း ဖုန်းနံပါတ် ပေးရမည်ဖြစ်ပြီး ဂဏန်း ၆ လုံး PIN နံပါတ်ဖြင့် အတည်ပြုရပါမည်။ ကူပွန်ကုဒ်နံပါတ် ရှိပါက နောက်ဆုံးအဆင့်တွင် ၎င်းနံပါတ်ကို ဖြည့်ရန် ရွေးချယ်နိုင်ပါသည်။

အသစ် စာရင်းသွင်းသော အသုံးပြုသူများကို သေချာလမ်းညွှန်နိုင်ရန် Chubb LifeBalance သည် အဆင့်လေးဆင့် စတင်ခြင်း အစီအစဉ်ကို အသုံးပြုပါသည်။ ထိုနည်းဖြင့် Chubb LifeBalance သည် သင်အရင်ဆုံး ဘာလုပ်သင့်သလဲ ဆိုသည်ကို လမ်းညွှန်ပေးပါသည်။ ဤသို့ စတင်ခြင်း အစီအစဉ်ကို Chubb LifeBalance တွင် သင်ကြားသူက ပြောပြပါလိမ့်မည်-

  • Chubb LifeBalance တွင် ပထမဆုံး အဆင့်များ (၁/၄)- လေ့ကျင့်ခန်း မှတ်တမ်းတင်ရန် အချိန်
  • Chubb LifeBalance တွင် ပထမဆုံး အဆင့်များ (၂/၄)- အာဟာရ ရည်မှန်းချက် သတ်မှတ်ရန် အချိန်
  • Chubb LifeBalance တွင် ပထမဆုံး အဆင့်များ (၃/၄)- မေးခွန်းအချို့ ဖြေဆိုရန်အချိန် (ဘဝနေထိုင်မှုပုံစံ မေးခွန်းများ)
  • Chubb LifeBalance တွင် ပထမဆုံး အဆင့်များ (၄/၄)- စိန်ခေါ်မှုသို့ ဝင်ရောက်ရန် အချိန်

အတွေ့အများဆုံး အသုံးပြုသူ၏ ပံ့ပိုးရေး တောင်းဆိုမှုတစ်ခုမှာ စကားဝှက်ကို ပြန်သတ်မှတ်ရန် ဖြစ်သည်။ ဤလုပ်ငန်းစဉ်က လုံခြုံပြီး ချောမွေ့သော လုပ်ငန်းစဉ်ကို လိုက်နာခြင်းအားဖြင့် သင်ကိုယ်တိုင် ဆောင်ရွက်နိုင်စေပါသည်။

သင့်စကားဝှက်ကို မေ့သွားပါက မိုဘိုင်းအက်ပ် သို့မဟုတ် ဝက်ဆိုက်တွင် လော့ဂ်အင်ဝင်သော စာမျက်နှာရှိ ‘‘သင့်စကားဝှက်ကို မေ့နေပါသလား’’ ကိုနှိပ်ပြီးနောက် အောက်ပါအတိုင်း အဆင့်ဆင့် ဆောင်ရွက်ပါ-

  • အဆင့် ၁- သင့်ကို ဝက်ဘ်စာမျက်နှာ တစ်ခုသို့ လမ်းညွှန်ကာ ထိုနေရာတွင် Chubb LifeBalance တွင် စာရင်းသွင်းရန် အသုံးပြုသည့် အီးမေးလ် လိပ်စာ ဖြည့်ခိုင်းပါလိမ့်မည်။
  • အဆင့် ၂- နှိပ်စရာ/ကလစ်နှိပ်စရာ လင့်အပါအဝင် Chubb LifeBalance က သင့်ကို အီးမေးလ် ပို့ပါလိမ့်မည်။
  • အဆင့် ၃- သင့်ကို ဝက်ဘ်စာမျက်နှာ တစ်ခုသို့ လမ်းညွှန်ကာ ထိုနေရာတွင် “စကားဝှက် ပြန်သတ်မှတ်မည်” ခလုတ်ကို နှိပ်ကာ/ကလစ်နှိပ်ကာ စကားဝှက်အသစ် သတ်မှတ်နိုင်ပါသည်။
  • Chubb LifeBalance ပလက်ဖောင်းသို့ ပြန်ဝင်ရန် လော့ဂ်အင် စာမျက်နှာသို့ ပြန်သွားပြီး အီးမေးလ် လိပ်စာနှင့် စကားဝှက် အသစ်တို့ဖြင့် လော့ဂ်အင် ဝင်ရပါမည်။

သင့်အချက်အလက်ကို ထိန်းချုပ်နိုင်သောကြောင့် အောက်ပါ အဆင့်များအတိုင်း သင့်အကောင့်ကို ဖျက်နိုင်ပါသည်-

  • Chubb LifeBalance မိုဘိုင်း အက်ပ် (iPhone, Android)- ကျွန်ုပ် -> ဆက်တင် -> ပလက်ဖောင်း ဆက်တင် -> အောက်သို့ ဆွဲချပြီး “သင့်အကောင့် ဖျက်မည်” ကို ကလစ်နှိပ်ပါ
  • mm.chubblifebalance.com  ဝက်ဘ်ဆိုက်တွင် လော့ဂ်အင် ဝင်ပြီးနောက်- ဆက်တင် -> ပလက်ဖောင်း ဆက်တင် -> အောက်သို့ ဆွဲချပြီး “သင့်အကောင့် ဖျက်မည်” ကို ကလစ်နှိပ်ပါ

သင့်အကောင့် ဖျက်ခြင်းကို အတည်ပြုရန် သင့်စကားဝှက်ကို ဖြည့်ရန် လိုပါမည်။ အတည်ပြုလိုက်သည်နှင့် သင့်အကောင့်ကို ချက်ချင်း ပိတ်သိမ်းပြီး သင့်အချက်အလက်များကို မြင်နိုင်တော့မည် မဟုတ်ပါ။ သင်စိတ်ပြောင်းသွားကာ အကောင့် ပြန်အသုံးပြုလိုပါက Chubb LifeBalance သည် သင့်အချက်အလက်များကို ရက်ပေါင်း ၃၀ ကြာ သိမ်းထားပါမည်။ ရက်ပေါင်း ၃၀ ကြာပြီးနောက် သင့်အချက်အလက်များကို အပြီးတိုင် ဖျက်ပစ်ပါမည်။

Eyebrow Text

၃။ ကျန်းမာရေးရမှတ်

ကျန်းမာကြံ့ခိုင်ရေးနှင့်ဆိုင်သည့် လက်ပတ်နာရီနှင့် အပလီကေးရှင်းများ စျေးကွက်တွင် ပေါများလာမှုနှင့်အတူ ကျန်းမာကြံ့ခိုင်ရေးဆိုင်ရာ အချက်အလက် အမျိုးမျိုး ရယူရန် ယခင်နှင့်မတူအောင် ပိုမိုလွယ်ကူလာပါသည်။ ဤမျှများပြားသော အချက်အလက်များကို မည်သူမျှ မကိုင်တွယ်နိုင်ဘဲ အကူအညီတစ်ခုခု ရှိမှသာ ယင်းတို့ကို အဓိပ္ပာယ် ဖော်နိုင်သောကြောင့် ဤသည်မှာ ပြဿနာ တစ်ခုလည်း ဖြစ်ပါသည်။

Chubb LifeBalance ရှိ ကျန်းမာရေး ရမှတ်က လူတစ်ဦးချင်း၏ ကျန်းမာရေး အနေအထားကို ကိန်းဂဏန်း တစ်ခုအဖြစ် ရိုးရှင်းအောင် ပြုလုပ်လိုက်သည့်အတွက် လူတိုင်း နားလည်နိုင်ပါသည်။ ကျန်းမာရေး ရမှတ်သည် သင် (ခန္ဓာကိုယ်)၊ သင်ခံစားရပုံ (စိတ်) နှင့် သင်နေထိုင်ပုံ (ဘဝနေထိုင်မှုပုံစံ) တို့ပေါ်၌ အခြေခံပါသည်။ ဤသည်မှာ သိပ္ပံနည်းကျ တွက်ချက်ထားသည့် ကိန်းဂဏန်းဖြစ်ပြီး ၁ (အနည်း) မှ ၁၀၀၀ (အများ) သို့ စီစဉ်ထားပါသည်။ အသက်ပိုကြီးသူများက လူငယ်များနှင့် နှိုင်းယှဉ်နိုင်ပြီး အမျိုးသားများကလည်း အမျိုးသမီးများနှင့် နှိုင်းယှဉ်နိုင်ပါသည်။

သင့်ခန္ဓာကိုယ်၊ စိတ်ခံစားချက် အခြေအနေ သို့မဟုတ် ဘဝနေထိုင်မှုပုံစံ အချက်အလက်တို့၏ အပြောင်းအလဲများပေါ် မူတည်ပြီး ၎င်းသည် အချိန်နှင့်တစ်ပြေးညီ အတက်အကျရှိပါသည်။

ကျန်းမာရေး ရမှတ်သည် လူ့အသက်-နှစ်ပေါင်း သန်း ၂၀၀ ကျော်၏ ဆေးလက်တွေ့ အချက်အလက်များပေါ်တွင် အခြေခံထားပါသည်။ ကြားခံဖန်တီးရောင်းချသူတစ်ဉီးက ဘော့စတွန်ရှိ မက်ဆာချူးဆက် နည်းပညာတက္ကသိုလ် (MIT) မှ ပါမောက္ခဖြစ်သည့် ယခင်ဝါရင့် သိပ္ပံပညာရှင်တစ်ဉီးနှင့် ပူးပေါင်းပြီး ယင်းကို ထုတ်လုပ်ထားပါသည်။

Chubb LifeBalance တွင် စာရင်းသွင်းသောအခါ အချက်အလက် လေးမျိုးသာ (အသက်၊ ကျား/မ၊ အရပ်နှင့် ကိုယ်အလေးချိန်) ဖြည့်ရန်လိုပါသည်။ ပြီးလျှင် သင်၏ပထမဆုံး ကိုယ်ရေးကိုယ်တာ ကျန်းမာရေးရမှတ်ကို ရယူနိုင်ပါပြီ။ ကျန်းမာရေး ရမှတ် တွက်ချက်ရန် အခြားအချက်အလက် ရမှတ်အားလုံးကို လက်ရှိကာလအတွက် ပျမ်းမျှ ခန့်မှန်း တန်ဖိုးများဖြင့် အလိုအလျောက် ဖြည့်သွင်းပါသည်။ အချိန်ကြာလာသည်နှင့်အမျှ အချက်အလက်များ သင်ပိုမို ဖြည့်ပေးလေ သင်၏ ကိုယ်ရေးကိုယ်တာ ကျန်းမာရေးရမှတ် ပိုမိုတိကျပြီး သီးသန့်ဖြစ်လာလေ ဖြစ်ပါသည်။

ကျန်းမာသော ဘဝနေထိုင်မှုပုံစံက နောက်ပိုင်းတွင် သင်ဖျားနာခြင်း ဖြစ်နိုင်ခြေနည်းအောင် လျှော့ချပေးသည်ဟု သိထားကြပါသည်။ ကျန်းမာရေးသည် ရှုပ်ထွေးသော အယူအဆ တစ်ခုဖြစ်သော်လည်း အောက်ပါအစိတ်အပိုင်းများ အဖြစ်သို့ ခွဲခြမ်းနိုင်ပါသည်။ ၎င်းတို့မှာ အားကစား၊ အာဟာရ၊ စိတ်ခံစားချက် ကောင်းမွန်မှု၊ ဘဝနေထိုင်မှု ရွေးချယ်စရာများ၊ စိတ်ဖိစီးမှုနှင့် အိပ်စက်မှုပုံစံတို့ ဖြစ်သည်။ ထိုအချက်များ အတိုးအလျှော့ ပြုလုပ်ခြင်းဖြင့် အခြားအချက်များကိုသာမက သင့်အထွေထွေ ကျန်းမာရေးကိုပါ လွှမ်းမိုးနိုင်ပါသည်။ သင့်ဘဝနေထိုင်မှုပုံစံ အပြုသဘော အပြောင်းအလဲများက ကျယ်ပြန့်သော ကျန်းမာရေး အကျိုးကျေးဇူးများ ရှိနိုင်သော်လည်း နောက်ဆုံးတွင် အပြောင်းအလဲကို သင်ကသာလျှင် အကောင်အထည် ဖော်ရပါမည်။

သင့်ကိုယ်ပိုင် ကျန်းမာရေးနှင့် ကောင်းမွန်စွာ နေထိုင်ရေးကို စီမံခန့်ခွဲနိုင်အောင် သင့်ကိုလုပ်ပိုင်ခွင့်ပေးခြင်းတွင် သိသာသော အကျိုးကျေးဇူးများ ရှိပါသည်။ Chubb LifeBalance သည် သင့်အိတ်ကပ်ထဲမှ ကျန်းမာရေး သင်ကြားပေးသူကဲ့သို့ အလုပ်လုပ်ပြီး အောင်မြင်မှုအတွက် သင့်ကိုဂုဏ်ပြုကာ သင့်ရည်မှန်းချက်များ အောင်မြင်အောင် ကူညီပါသည်။

Chubb LifeBalance တွင် ကျန်းမာရေးရမှတ်သည် ခန္ဓာကိုယ် ကိန်းဂဏန်းများ၊ စိတ်ခံစားချက် ကောင်းမွန်မှုနှင့် ဘဝနေထိုင်မှုပုံစံ (အားကစား၊ အာဟာရ၊ စိတ်ဖိစီးမှုနှင့် အိပ်စက်မှု) တို့ကို အခြေခံပြီး လူတစ်ယောက်၏ အထွေထွေ ကျန်းမာရေးနှင့် ကောင်းမွန်စွာ နေထိုင်ရေးကို တိုင်းတာပါသည်။ အချိန်ကြာမြင့်စွာ စောင့်ကြည့်သောအခါ ၎င်းသည် လူတစ်ယောက်၏ ကျန်းမာရေးနှင့် ကောင်းမွန်စွာ နေထိုင်ရေး မည်ကဲ့သို့ တိုးတက်လာကြောင်း၊ အာဟာရ၊ လှုပ်ရှားမှု၊ အိပ်စက်မှုတို့နှင့် ပတ်သက်ပြီး သင့်ရွေးချယ်မှုက သင့်ကျန်းမာရေးအပေါ် မည်ကဲ့သို့ သက်ရောက်ကြောင်း ကောင်းစွာ ညွှန်ပြပေးပါသည်။

မဟုတ်ပါ။ Chubb LifeBalance ရှိ ကျန်းမာရေးရမှတ်သည် ရောဂါအမည်တပ်ရန် နည်းတစ်ခု မဟုတ်သလို သင့်ဆရာဝန်၏ ရောဂါအမည်တပ်မှုကို အစားထိုးစရာလည်း မဟုတ်ပါ။

Chubb LifeBalance ရှိ ကျန်းမာရေးရမှတ်သည် သင့်လက်ရှိ ကျန်းမာရေးနှင့် ကောင်းမွန်စွာ နေထိုင်ရေးကို ဖော်ပြချက်တစ်ခု ဖြစ်ပြီး သင့်ကိုယ်ရေးကိုယ်တာ ကျန်းမာရေးနှင့် ကောင်းမွန်စွာ နေထိုင်ရေးကို ပျော်ရွှင်လွယ်ကူစွာ စီမံခန့်ခွဲနိုင်စေပါသည်။ လှုပ်ရှားမှုရှိပြီး သင်နှင့် ဆက်လက်ထိတွေ့နေစေရန် Chubb LifeBalance သည် အခြား Chubb LifeBalance အဖွဲ့ဝင်များနှင့် ချိတ်ဆက်ခွင့် ပေးပါသည်။

ကိုယ်လက်လှုပ်ရှားခြင်း၏ ကျန်းမာရေး အကျိုးကျေးဇူးများကို အချိန်ကာလ ကြာမြင့်စွာ မပြတ်လှုပ်ရှားမှုဖြင့် ဆုံးဖြတ်ပြီး လှုပ်ရှားမှု တစ်ခုတည်းဖြင့် ဆုံးဖြတ်ခြင်း မဟုတ်ပါ။ Chubb LifeBalance သည် လွန်ခဲ့သော ရက် ၆၀ အတွင်း သင့်လှုပ်ရှားမှုများကို ပြန်ကြည့်ပါသည်။ ထို့ကြောင့် ယနေ့သင့်လှုပ်ရှားမှုက လက်ရှိပျမ်းမျှတန်ဖိုးထက် စွမ်းအင် လျော့နည်းစွာ အသုံးပြုပါက သင့်ရမှတ်လျော့သွားပါမည်။

၄။ ခြေရာခံခြင်းနှင့် ကြားခံဆောင်ရွက်သော စက်/ အက်ပ်များ

Chubb LifeBalance တွင် အိမ်တွင်း၊ အိမ်ပြင် အားကစား လှုပ်ရှားမှုနှင့် လုပ်ဆောင်မှုပေါင်း ၁၁၅ မျိုးကျော်ကို Chubb LifeBalance မိုဘိုင်းအက်ပ် (iPhone, Android) တွင် ပေါင်းစည်းခြေရာခံမှုမှတစ်ဆင့် ခြေရာခံရန် မီနူးကိုနှိပ်ပြီး တိုက်ရိုက် ခြေရာခံနိုင်ပါသည်။

ခြေရာခံရန် မီနူးတွင် လှုပ်ရှားမှုပြောင်းလဲရန် ခလုတ်ကို နှိပ်၍လည်းကောင်း၊ ဖုန်းစခရင်ပေါ်ရှိ အားကစားလှုပ်ရှားမှု ရုပ်ပုံကို တိုက်ရိုက်နှိပ်၍လည်းကောင်း သင့်လှုပ်ရှားမှုကို ရွေးချယ်နိုင်သည်။ Chubb LifeBalance တွင် ခြေရာခံနိုင်သော လှုပ်ရှားမှုများ စာရင်းကို တွေ့ရပါမည်။ အချို့ လှုပ်ရှားမှုများက GPS အခြေခံသော လှုပ်ရှားမှုများ ဖြစ်ကြောင်း အချက်ပြရန် သံလိုက်အိမ်မြှောင်ပုံ ဖော်ပြထားပါသည်။ လှုပ်ရှားမှုကို ရွေးချယ်ပြီးနောက် သင့်လှုပ်ရှားမှုကို တိုက်ရိုက်ခြေရာခံရန် စတင်မည်ကို နှိပ်လိုက်ပါ။

အားကစားတစ်မျိုး လုပ်ပြီးသွားကာ ၎င်းကို ကိုယ်တိုင် ပေါင်းထည့်လိုပါက လှုပ်ရှားမှု ကိုယ်တိုင်ပေါင်းထည့်ရန် ကိုနှိပ်ပြီး ထိုနေရာတွင် အချက်အလက်များဖြည့်ပါ။

mm.chubblifebalance.com ဝက်ဘ်ဆိုက်မှ ဝင်ရောက်ရန် လော့ဂ်အင်ဝင်ပြီးမှသာ ထိုနည်းအတိုင်းပင် ကိုယ်တိုင် လှုပ်ရှားမှု ပေါင်းထည့်နိုင်ပါသည်- ခြေရာခံရန် -> လှုပ်ရှားမှု ကိုယ်တိုင်ပေါင်းထည့်ရန်။

Chubb LifeBalance မိုဘိုင်းအက်ပ် (iPhone, Android) နှင့်အတူ တိုက်ရိုက် ခြေရာခံနိုင်သည့်အပြင် Chubb LifeBalance သည် ကြားခံဆောင်ရွက်သူများထံမှ ခြေရာခံသောစက်များနှင့် အက်ပ်များစွာကိုလည်း ပံ့ပိုးပါသည်။ ဤစာမျက်နှာရှိ အမေးများသောမေးခွန်း ‘‘ကြားခံဆောင်ရွက်သူများထံမှ စက်များနှင့် အက်ပ်များကို Chubb LifeBalance တွင် မည်ကဲ့သို့ချိတ်ဆက်နိုင်မလဲ’’ မှာ ဝင်ကြည့်လိုက်ပါ။

သင်ကလှုပ်ရှားမှု မြန်နှုန်းထက် ကျော်လွန်လျှင် သို့မဟုတ် အချိန်ကြာမြင့်စွာ လှုပ်ရှားမှုမရှိလျှင် Chubb LifeBalance ၏ ပေါင်းစည်း ခြေရာခံစနစ်သည် ယခုအခါ ထောက်လှမ်းနိုင်ပါသည်။ လုပ်ဆောင်ပုံမှာ ဤကဲ့သို့ ဖြစ်ပါသည်။

 

မြန်နှုန်း ကန့်သတ်ချက် ထောက်လှမ်းခြင်း- GPS ခြေရာခံ လှုပ်ရှားမှုတစ်ခု ဆောင်ရွက်ပြီးနောက် ပေါင်းစည်း ခြေရာခံစနစ်ကို သင်က မတော်တဆ ဆက်လက် ခြေရာခံနေမိသောအခါ မြန်နှုန်း ကန့်သတ်ချက် ထောက်လှမ်းခြင်း စတင်ဆောင်ရွက်ပါသည်။ ဥပမာ၊ ကားထဲဝင်ပြီး မောင်းထွက်သွားပါက ထိုသို့ဖြစ်နိုင်ပါသည်။

 

လှုပ်ရှားမှုမရှိကြောင်း ထောက်လှမ်းခြင်း- GPS ခြေရာခံ လှုပ်ရှားမှုတစ်ခု ဆောင်ရွက်ပြီးနောက် သင့်ဖုန်း၏ ပေါင်းစည်းခြေရာခံစနစ်ကို မိနစ် ၃၀ ကြာ မတော်တဆ ဖွင့်ထားမိသောအခါ လှုပ်ရှားမှုမရှိကြောင်း ထောက်လှမ်းခြင်းက သိရှိပါသည်။ ဥပမာ၊ နေ့လယ်စာ သွားစားပြီးနောက် စက်ကိုစားပွဲပေါ် တင်ထားမိခြင်းမျိုး ဖြစ်ပါသည်။

Chubb LifeBalance သည် အားကစားနှင့် လှုပ်ရှားမှုများကို နှစ်ကြိမ်ရေတွက်ပါက ထောက်လှမ်းသိရှိပြီး ထပ်နေသော အားကစားနှင့် လှုပ်ရှားမှုများကို ဖယ်ရှားပစ်ပါသည်။ ခြေရာခံစက်နှင့် အက်ပ်အမျိုးမျိုးကို ချိတ်ဆက်နိုင်စွမ်းနှင့်အတူ အသုံးပြုသူများက ခြေရာခံစနစ်များစွာတွင် လှုပ်ရှားမှုများ တစ်ပြိုင်တည်း ခြေရာခံထားသည်ကို တစ်ခါတစ်ရံ မေ့လျော့ကြပါသည်။ ဥပမာ၊ Chubb LifeBalance နှင့် ချိတ်ဆက်ထားသော ပြင်ပ ခြေလှမ်းရေတွက်စက် တပ်ထားပြီး Chubb LifeBalance နှင့် ချိတ်ဆက်ထားခြင်း၊ Chubb LifeBalance တွင် တစ်ပြိုင်တည်း ဖွင့်ပြီး ထောက်လှမ်းနေခြင်းတို့ ဖြစ်ပါသည်။ ထိုအခါ အပြေးလေ့ကျင့်မှုကို နှစ်ကြိမ်ရေတွက်ပါလိမ့်မည်။ ဤသို့မဖြစ်အောင် ထောက်လှမ်းပြီး ထပ်နေသောအရာကို ဖယ်ရှားရန် လိုပါသည်။

Chubb LifeBalance သည် နေ့စဉ် လှုပ်ရှားမှုအကျဉ်းချုပ်ကို တွက်ချက်ပါသည်။ ဤအကျဉ်းချုပ်က သီးသန့်တစ်နေ့တာအတွက် အသုံးပြုသူ၏ အားကစားနှင့် လှုပ်ရှားမှု ဒေတာများကို ရယူပါသည်။ တစ်နေ့တာ အားကစားနှင့် လှုပ်ရှားမှုအားလုံးကို ရယူခြင်းအားဖြင့် အချို့သော အားကစားနှင့် လှုပ်ရှားမှုအချို့ တစ်ချိန်တည်း ထပ်နေသလားဆိုသည်က Chubb LifeBalance က အတည်ပြုနိုင်ပါသည်။ အားကစားနှစ်မျိုး ထပ်နေပါက စွမ်းအင်ပုံမှန်အသုံးပြုမှု (MET h ဖြင့်တိုင်းတာသည်) ပိုများသော အားကစားကိုသာ Chubb LifeBalance တွင် ဖော်ပြပါမည်။

ပြင်ပစက်/အက်ပ် အချို့သည် အချိန်အချက်အလက်အပါအဝင် ခြေလှမ်းအချက်အလက်များကို ၎င်းတို့၏ ချိတ်ဆက်မှုမှ တစ်ဆင့် တစ်နေ့တာအတွင်း အကြိမ်များစွာ လွှဲပြောင်းပါသည်။ ထိုအခါ Chubb LifeBalance က အတိအကျ ထပ်နေသော တွက်ချက်မှု ဆောင်ရွက်စေသည့် အတွက် ထပ်နေသော အားကစားနှင့် လှုပ်ရှားမှုများကို ဖယ်ရှားရာတွင် အလွန်တိကျဖို့ လိုပါသည်။

သို့ရာတွင် ပြင်ပစက်/အက်ပ်အချို့မှာမူ ကျွန်ုပ်တို့အား ၎င်းတို့၏ ချိတ်ဆက်မှုမှတစ်ဆင့် ခြေလှမ်းအချက်အလက် များကို နေ့စဉ် လွှဲပြောင်းမှုတစ်ကြိမ်သာ ပေးနိုင်ပါသည်။ ထိုသို့ဖြစ်ပါက ထပ်နေသော တွက်ချက်မှုက သိပ်မတိကျတော့ပါ။ နေ့စဉ် ခြေလှမ်းတွက်ချက်မှုသည် Chubb LifeBalance ရှိ ခြေရာခံသော အပြင်းအထန် လေ့ကျင့်မှုနှင့် ထပ်နိုင်သည့်အတွက် ၎င်းသည် စွမ်းအင် လောင်ကျွမ်းမှု ပိုများသည့် ခြေလှမ်းများ ဖြစ်လာပါမည်။

ဤသည်တို့မှာ ပြင်ပစက်/အက်ပ်တို့မှ ခြေလှမ်းများ တစ်စိတ်တစ်ပိုင်းသာ  Chubb LifeBalance ထံသို့ တစ်ခါတစ်ရံ လွှဲပြောင်းရသည့် အကြောင်းရင်းများ ဖြစ်ပါသည်။

iPhone- iPhone 5S နှင့်အထက်ရှိပါက Apple Health App (Healthkit) မှတစ်ဆင့် ခြေလှမ်းများ တိုက်ရိုက် ခြေရာခံနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် iPhone တွင် ခြေလှမ်း ရေတွက်သောချစ်ပ် (M7/M8 ချစ်ပ်) ပါဝင်ပြီးသား ဖြစ်ပါသည်။

Chubb LifeBalance ကို သင့် Apple Health အက်ပ် (Healthkit) နှင့် ချိတ်ပြီးလျှင် (အဆင့်ဆင့် လမ်းညွှန်ချက်ကို ဒီမှာကြည့်ပါ) သင့် iPhone မှ Apple Health ကိုဖွင့်ပြီး အောက်ပါအတိုင်း အဆင့်ဆင့်ဆောင်ရွက်ပါ-

၁။ Sources (ရင်းမြစ်) ကိုနှိပ်ပါ

၂။ Chubb LifeBalance ကိုနှိပ်ပါ

၃။ “ALLOW CHUBB LIFEBALANCE TO READ DATA (CHUBB LIFEBALANCE ကို ဒေတာဖတ်ရှုခွင့်ပေးရန်)” ကို ရွေးချယ်ပါ။

မှတ်ချက်- Chubb LifeBalance iOS အက်ပ်တွင် ခြေလှမ်း ထောက်လှမ်းစနစ် အသင့်မပါဝင်ပါ။

Android- ကိုက်ညီမှုရှိသော Android စက်ရှိပါက အလိုအလျောက် ခြေလှမ်းများ ခြေရာခံခြင်း အောက်ပါအတိုင်း အဆင့်ဆင့်ဆောင်ရွက်ပြီး စတင်နိုင်ပါသည်။

၁။ ဘေးဘက်မီနူးကို ဖွင့်ပါ

၂။ ဆက်တင်ကိုနှိပ်ပါ

၃။ APP ကိုနှိပ်ပါ

၄။ ‘‘အလိုအလျောက် ခြေလှမ်းရေတွက်စနစ်’’ ကို ဖွင့်လိုက်ပါ

အားကစားလှုပ်ရှားမှုများနှင့် အိပ်စက်မှု အချက်အလက်များကို မိုဘိုင်း အက်ပ်များနှင့် ဝက်ဘ်ဆိုက်တွင် ကိုယ်တိုင် ဖြည့်သွင်းဆောင်ရွက်နိုင်ပါသည်။

အားကစားလှုပ်ရှားမှုတစ်ခု ကိုယ်တိုင်ပေါင်းထည့်ရန် အောက်ပါအတိုင်း အဆင့်ဆင့် ဆောင်ရွက်ပါ-

  • အဆင့် ၁- မိုဘိုင်း အက်ပ်များ သို့မဟုတ် ဝက်ဘ်ဆိုက်တွင် ‘‘ခြေရာခံရန်’’ မီနူးခလုတ်မှနေ၍ ‘‘လှုပ်ရှားမှု ကိုယ်တိုင်ပေါင်းထည့်မည်’’ ကို ကလစ်/နှိပ်ပါ။
  • အဆင့် ၂- အားကစားလှုပ်ရှားမှုများ စာရင်းတွင် နှစ်သက်သော လှုပ်ရှားမှုကို စာရင်းမှ အပေါ်၊ အောက် ရွှေ့ပြီး/ပွတ်ဆွဲပြီး သို့မဟုတ် ရှာဖွေမှု ဆောင်ရွက်ချက် အသုံးပြုပြီး ရှာဖွေပါ။ ထို့နောက် နှိပ်/ကလစ်နှိစ်ပြီး ရွေးချယ်လိုက်ပါ။
  • အဆင့် ၃- နေ့ရက်၊ အချိန်၊ ကြာချိန်နှင့် အကွာအဝေး၊ ရေပြင်ညီအမြင့်နှင့် နှလုံးခုန်နှုန်း (သက်ဆိုင်ပါက) စသည့် လိုအပ်သော အချက်အလက်များ ဖြည့်ပါ။
  • အဆင့် ၄- ဓာတ်ပုံအသစ် ရိုက်၍ဖြစ်စေ၊ သင့်စမတ်ဖုန်းရှိ ဓာတ်ပုံလိုက်ဘရီမှ ပုံကို တင်၍ဖြစ်စေ အားကစားရုပ်ပုံ ပေါင်းထည့်နိုင်ပါသည်။
  • အဆင့် ၅- ဝက်ဘ်ဆိုက်တွင် ‘‘သိမ်းမည်’’ ကိုနှိပ်ပါ သို့မဟုတ် မိုဘိုင်းအက်ပ်တွင် ‘‘ပို့မည်’’ ကို နှိပ်ပါ။ လှုပ်ရှားမှုကိုသိမ်းရန် လုံလောက်သော အချက်အလက်များ ရှိလာပါက ထိုခလုတ်များသည် (မီးခိုးရောင်မှ အပြာရောင် အဖြစ်သို့ပြောင်းကာ) အလိုအလျောက် ပွင့်လာပါမည်။

ခန္ဓာကိုယ်ကိန်းဂဏန်းများ ကိုယ်တိုင်ပေါင်းထည့်ရန် အောက်ပါအတိုင်း အဆင့်ဆင့် ပြုလုပ်ပါ-

  • အဆင့် ၁- မိုဘိုင်း အက်ပ်များ သို့မဟုတ် ဝက်ဘ်ဆိုက်တွင် ‘‘ခြေရာခံရန်’’ မီနူးခလုတ်မှနေ၍ ‘‘ခန္ဓာကိုယ်ကိန်းဂဏန်းများ ပေါင်းထည့်မည်’’ ကို ကလစ်/နှိပ်ပါ။ ‘‘ကျွန်ုပ်’’ စာမျက်နှာ၏ ခန္ဓာကိုယ် အပိုင်းသို့ ရောက်သွားပါမည်။
  • အဆင့် ၂- သင်ပြောင်းလဲလိုသော တန်ဖိုးကို တိုက်ရိုက် ကလစ်/နှိပ်ပါ။ ထိုနည်းဖြင့် အချက်အလက် ဖြည့်သောဘီး (မိုဘိုင်းအက်ပ်မှ) သည် ပွင့်လာပြီး ဒေတာ ဖြည့်ရမည်ကို သိသာလာစေပါသည်။

အိပ်စက်မှု အချက်အလက်များ ကိုယ်တိုင်ပေါင်းထည့်ရန် အောက်ပါအတိုင်း အဆင့်ဆင့် ပြုလုပ်ပါ-

  • အဆင့် ၁- မိုဘိုင်း အက်ပ်များ သို့မဟုတ် ဝက်ဘ်ဆိုက်တွင် ‘‘ခြေရာခံရန်’’ မီနူးခလုတ်မှနေ၍ ‘‘အိပ်စက်မှု ပေါင်းထည့်မည်’’ ကို ကလစ်/နှိပ်ပါ။
  • အဆင့် ၂- (နေ့စွဲ၊ အိပ်ရာထဲတွင်ကြာချိန်၊ အိပ်ရာထဲတွင်ကြာချိန်နှင့် ညီမျှရန် သို့မဟုတ် ထိုထက် နည်းရန် လိုသည့် အိပ်စက်ချိန်နှင့် နိုးသောအကြိမ်ရေ) လိုအပ်သော ဒေတာအမှတ်များ ထည့်ပါ။ မိုဘိုင်းအက်ပ် သို့မဟုတ် ဝက်ဘ်ဆိုက်တွင် ‘‘သိမ်းမည်’’ ခလုတ်သည် (မီးခိုးရောင်မှ အပြာရောင် အဖြစ်သို့ပြောင်းကာ) ပွင့်လာအောင် ထိုအချက်အလက်လေးခု အနည်းဆုံး လိုအပ်ပါသည်။
  • အဆင့် ၃- ‘‘သိမ်းမည်’’ ကို ကလစ်/နှိပ်ပါက ကိုယ်တိုင် ဖြည့်သွင်းမှုကို မှတ်တမ်းတင်ပါမည်။ ‘‘ကျွန်ုပ်’’၊ ‘‘ဘဝနေထိုင်မှုပုံစံ’’၊ ‘‘အိပ်စက်မှု’’ တို့တွင် အိပ်စက်မှုမှတ်တမ်းကို တွေ့ရပါမည်။

Chubb LifeBalance တွင် Chubb LifeBalance မိုဘိုင်းအက်ပ် (iPhone, Android) ဖြင့် အားကစား လှုပ်ရှားမှု ၁၁၅ မျိုးကျော်ကို ခြေရာခံနိုင်ပါသည်။

Chubb LifeBalance သည် ကြားခံဆောင်ရွက်သည့် နာမည်ကြီး အားကစား ခြေရာခံစက်များနှင့် အက်ပ်များစွာနှင့်လည်း ကိုက်ညီမှု ရှိပါသည်။ ချိတ်ဆက်နိုင်သော စက်များစာရင်းကို ဒီမှာကြည့်နိုင်ပါသည်-

  • Chubb LifeBalance မိုဘိုင်းအက်ပ် (iPhone, Android)- ခြေရာခံရန်->ခြေရာခံသော စက်များ/အက်ပ်များ
  • လော့ဂ်အင် ဝင်ပြီးနောက် (mm.chubblifebalance.com)ဝက်ဘ်ဆိုက်မှ ဝင်ရောက်မှု- ခြေရာခံရန်->ခြေရာခံသော စက်များ/အက်ပ်များ

အချို့သောစက်များနှင့် အက်ပ်များကို Chubb LifeBalance နှင့် မည်ကဲ့သို့ ချိတ်ဆက်ရန် အဆင့်ဆင့် လမ်းညွှန်ချက်များကို အောက်တွင်ကြည့်နိုင်ပါသည်-

Apple Health ချိတ်ဆက်ရန်-

၁။ ခြေရာခံရန် ကိုနှိပ်ပါ > ခြေရာခံသော စက်များ/အက်ပ်များ > ကျန်းမာရေး ကိုရွေးချယ်ပါ > ချိတ်ဆက်ပါ

၂။ Apple Health အက်ပ်ထံသို့ အလိုအလျောက် ရောက်သွားပါမည်။ ကျန်းမာရေး အချက်အလက် အမျိုးအစား အားလုံးနှင့် တစ်ပုံစံတည်းညှိရန် အမျိုးအစား အားလုံးဖွင့်မည် ကို နှိပ်ခြင်းအားဖြင့်လည်းကောင်း၊ သို့မဟုတ် အမျိုးအစား အချို့ကိုသာ ရွေးချယ်ခြင်းအားဖြင့်လည်းကောင်း ခွင့်ပြုနိုင်သည်ကို သတိပြုစေလိုပါသည်။ ထို့ပြင် Chubb LifeBalance သည် Apple’s Health အက်ပ်နှင့် အချက်အလက်များ အပြန်အလှန် ရယူနိုင်သလို ပေးပို့နိုင်ပါသည်။

၃။ Health အက်ပ်ထဲတွင် ကျန်းမာရေး ထဲသင့်ဆက်တင်ကို စီမံခန့်ခွဲနိုင်ပြီး သင့်ကျန်းမာရေး အချက်အလက်များ ဝင်ရောက်မှုကို အချိန်မရွေး ပြောင်းလဲနိုင်ပါသည်။ အောက်ပါအတိုင်း အဆင့်ဆင့် ဆောင်ရွက်ပါ- Apple’s Health အက်ပ်ကိုဖွင့်ပါ > Sources (ရင်းမြစ်) ကိုနှိပ်ပါ > Chubb LifeBalance ကိုနှိပ်ပါ > သင်တစ်ပုံစံတည်းညှိလိုသော အချက်အလက် အမျိုးအစားကို ဖွင့်ပါ သို့မဟုတ် ပိတ်ပါ။

 

Google Fit ချိတ်ဆက်ခြင်း-

၁။ ခြေရာခံရန် ကိုနှိပ်ပါ > ခြေရာခံသော စက်များ/အက်ပ်များ > Google Fit ကိုရွေးချယ်ပါ

၂။ ထိုအခါ Google Fit အသေးစိတ် စာမျက်နှာသို့ ရောက်သွားပါမည်။ ချိတ်ဆက်မှု စတင်ရန် ချိတ်ဆက်မှု စတင်မည်ကို နှိပ်ပါ။

၃။ Google Fit ထံမှ လော့ဂ်အင်ဝင်ရန် စာမျက်နှာသစ် ပွင့်လာပြီး သင့် Google Fit အကောင့်၏ အီးမေးလ်၊ စကားဝှက်တို့ဖြင့် လော့ဂ်အင်ဝင်ရန်လိုပါသည်။ သင့်ဖုန်းတွင် Google Fit အသုံးပြုနေပါက သင့်အကောင့်ကို ဖော်ပြမည် ဖြစ်သည့်အတွက် ကလစ်နှိပ်လိုက်လျှင် ရပါသည်။ သင့်ကို အကောင့်မပြပါက အကောင့်သစ်ဖွင့်ရန် သို့မဟုတ် သင့်အကောင့်ကိုရှာရန် အခြားအကောင့် အသုံးပြုမည် ကို နှိပ်နိုင်ပါသည်။

၄။ သင့်အကောင့်ကို Chubb LifeBalance နှင့် ချိတ်ဆက်ခွင့် ပြုကြောင်း မေးမြန်းလာသောအခါ ခွင့်ပြုမည်ကို နှိပ်ခြင်းဖြင့် အတည်ပြုရန် လိုပါမည်။

၅။ ချိတ်ဆက်ခွင့် ပြုပြီးနောက် Chubb LifeBalance အက်ပ်ထံသို့ အလိုအလျောက် ရောက်သွားပါမည်။ ထိုစာမျက်နှာတွင် သင့်ဆက်တင် ပြောင်းခြင်း၊ Chubb LifeBalance နှင့် Google Fit ကို တစ်ပုံစံတည်းညှိခြင်း သို့မဟုတ် ပြန်ဖြုတ်ခြင်းတို့ ပြုလုပ်နိုင်ပါသည်။

၆။ သင့်ချိတ်ဆက်မှု အောင်မြင်သလား သေချာစေရန် ခြေရာခံရန် > Chubb LifeBalance ရှိ

ခြေရာခံသော စက်များ/အက်ပ်များ ကို ပြန်သွားကြည့်ပါ။ အတည်ပြုရန်အတွက် Google Fit ဘေးတွင် အပြာရောင် အမှန်ခြစ်ပုံကို တွေ့၊ မတွေ့ အတည်ပြုလိုက်ပါ။

Fitbit သို့မဟုတ် Garmin သို့မဟုတ် Jawbone

၁။ ခြေရာခံရန် ကိုနှိပ်ပါ > ခြေရာခံသော စက်များ/အက်ပ်များ > စက်အမည်ကိုရွေးချယ်ပါ (နမူနာအဖြစ် Fitbit ကို အသုံးပြုပါမည်)

၂။ ထိုအခါ Fitbit အသေးစိတ် စာမျက်နှာကို ရောက်သွားပါမည်။ ချိတ်ဆက်မှု ဆောင်ရွက်နိုင်အောင် ချိတ်ဆက်မှု စတင်ရန်ကို နှိပ်ပါ။

၃။ Fitbit ထံမှ လော့ဂ်အင် စာမျက်နှာအသစ် ပွင့်လာပြီး သင့် Fitbit အကောင့်ထဲဝင်ရန် သင့်အီးမေးလ်နှင့် စကားဝှက်ဖြင့် လော့ဂ်အင်ဝင်ရန် လိုပါသည်။ သင့်အကောင့်ကို Chubb LifeBalance နှင့် ချိတ်ဆက်ခွင့် ပြုကြောင်း မေးမြန်းလာသောအခါ အတည်ပြုမည်/ခွင့်ပြုမည်ကို နှိပ်ခြင်းဖြင့် အတည်ပြုရန် လိုပါမည်။

၄။ သင့်ချိတ်ဆက်မှု အောင်မြင်သလား သေချာစေရန် ခြေရာခံရန် > Chubb LifeBalance ရှိ

ခြေရာခံသော စက်များ/အက်ပ်များ ကို ပြန်သွားကြည့်ပါ။ အတည်ပြုရန်အတွက် Fitbit ဘေးတွင် အပြာရောင် အမှန်ခြစ်ပုံကို တွေ့၊ မတွေ့ အတည်ပြုလိုက်ပါ။

၅။ Fitbit အသေးစိတ် စာမျက်နှာကိုဝင်ပြီး မည်သည့် အချက်အလက် လွှဲပြောင်းလိုကြောင်း သတ်မှတ်ရန် Fitbit ကိုနှိပ်ပါ။ ဆက်တင်ကိုသိမ်းရန် ဆက်တင်သိမ်းမည်ကို ကလစ်နှိပ်ပါ။

 

နောက်ဆုံးတွင် Bluetooth Low Energy (BLE) ပါဝင်သော နှလုံးခုန်တိုင်းတာသော လက်ပတ်ကို Chubb LifeBalance အက်ပ်သို့ အောက်ပါအဆင့်များတိုင်း ချိတ်ဆက်နိုင်ပါသည်- ခြေရာခံရန် > ခြေရာခံသော စက်များ/အက်ပ်များ >  BLE ကိရိယာကို ပေါင်းထည့်ပါ။

ထုတ်လုပ်ရောင်းချသူ အမျိုးမျိုးက သင့်ဒေတာကို Chubb LifeBalance ထံ ပေးပို့ပုံမှာ ချဉ်းကပ်မှုနည်းလမ်း အမျိုးမျိုး ရှိကြပါသည်။ ထုတ်လုပ်ရောင်းချသူအများစုက နောက်ကြောင်း အချက်အလက်များ မပေးပို့ကြပါ။

ထို့ကြောင့် ကြားခံဆောင်ရွက်သူများ၏ စက်များ/အက်ပ် အများစုအတွက် Chubb LifeBalance သည် သင့်စက် သို့မဟုတ် အက်ပ်ကို Chubb LifeBalance သို့ ချိတ်ဆက်လိုက်ချိန်မှစပြီး သင့်ဒေတာများကို ထည့်လိုက်ပါသည်။ နောက်ကြောင်း အချက်အလက်များ ပေါင်းစည်းခွင့် မပြုသော အချို့စက်များအတွက် Chubb LifeBalance က ပေါင်းစည်းပေးပါမည်။ ထိုနည်းအတိုင်း ဆောင်ရွက်သည်မှာ TomTom (ရက် ၃၀ ရာဇဝင် ပေါင်းစည်းသည်) နှင့် Garmin စက်များ (အမျိုးအစား ၁၀၀ အထိ ပေါင်းစည်းသည်) တို့ဖြစ်ပါသည်။

Chubb LifeBalance သည် ကြားခံဆောင်ရွက်သူများထံမှ နာမည်ကျော် အားကစား ခြေရာခံစက်နှင့် အက်ပ်များကို ချိတ်ဆက်ပါသည်။

Chubb LifeBalance သည် ကြားခံဆောင်ရွက်သူများ၏ စက်များနှင့် အက်ပ်များမှ ခြေလှမ်း၊ နှလုံးခုန်နှုန်းစသည့် အကြမ်းထည်အချက်အလက်ကိုသာ ပေါင်းစည်းကြောင်း သတိပြုရန် အရေးကြီးပါသည်။ စွမ်းအင်မိုဒယ်နှင့် အသုံးပြုသော ကယ်လိုရီ တွက်ချက်မှုတို့ကို Chubb LifeBalance က ဆောင်ရွက်ပါသည်။ ခြေရာခံစက်နှင့် အက်ပ်များကို ထုတ်လုပ်ရောင်းချသူများက မတူညီသော စွမ်းအင်မိုဒယ်များကို အသုံးပြုသည့်အတွက် ၎င်းတို့၏ အချက်အလက်နှင့် Chubb LifeBalance တွင် မြင်ရသော အချက်အလက်တို့ ကွာခြားသွားလေ့ရှိပါသည်။

ခြေလှမ်းအရေအတွက်မှနေ၍ စွမ်းအင် ပြောင်းလဲမှု တွက်ချက်ပုံနှင့် ပတ်သက်ပြီး တစ်ကမ္ဘာလုံး စံချိန်စံညွှန်း မရှိပါ။ အသုံးပြုရန် ထည့်လိုက်သော ဒေတာ၊ ရလဒ် အရည်အသွေး၊ အခြားအချက်များနှင့် စပ်လျဉ်းပြီး မိုဒယ်များစွာတွင် ကွဲပြားမှုရှိပါသည်။ ရိုးရှင်းသော မိုဒယ်များတွင် ခြေလှမ်း အရေအတွက်ကိုသာ ထည့်သွင်းစဉ်းစားသော်လည်း ပိုမိုရှုပ်ထွေးသော မိုဒယ်များက မြန်နှုန်းနှင့် လမ်းကြောင်းကဲ့သို့ အချက်များကိုလည်း ထည့်စဉ်းစားပါသည်။

Chubb LifeBalance တွင် ကျွန်ုပ်တို့ပလက်ဖောင်းတွင် စွမ်းအင်တွက်ချက်မှု တိုက်ရိုက်ဆောင်ရွက်ရန် အရေးကြီးပါသည်။ ကျန်းမာရေးရမှတ်၏ တစ်သမတ်တည်း ဖြစ်မှုနှင့် ကျွန်ုပ်တို့ပလက်ဖောင်းတွင် ပြုလုပ်သော စိန်ခေါ်မှုများကို ထိန်းသိမ်းရန် ယင်းကိုဆောင်ရွက်ပါသည်။ Tracker Y အစား Tracker X ကို အသုံးပြုလျှင် မသင့်တော်ပါ။ အကြောင်းမှာ Tracker X ၏ မိုဒယ်က စွမ်းအင် တွက်ချက်ရာတွင် ‘‘ပို၍ရက်ရောမှု’’ ရှိသောကြောင့် ဖြစ်ပါသည်။

ထို့ကြောင့် ကျွန်ုပ်တို့၏ လှုပ်ရှားမှု တစ်စိတ်တစ်ပိုင်းအဖြစ် ကျွန်ုပ်တို့သည် စွမ်းအင်မိုဒယ်များကို ပုံမှန်ဖန်တီးကာ အသင့်တော်ဆုံးတစ်ခုကို ရွေးချယ်ပါသည်။

ခြေရာခံထားသော အားကစားကို Chubb LifeBalance မိုဘိုင်းအက်ပ် (iPhone, Android) သို့မဟုတ် (mm.chubblifebalance.com) ဝက်ဘ်ဆိုက်တွင် တိုက်ရိုက် ပယ်ဖျက်နိုင်ပါသည်။

  • Chubb LifeBalance မိုဘိုင်းအက်ပ်- ကျွန်ုပ် -> ဘဝနေထိုင်မှုပုံစံ -> လှုပ်ရှားမှုများ -> ‘‘ကျွန်ုပ်၏ အားကစား’’ ရှိ အားကစားတစ်ခုနှင့် အမှိုက်ပုံးပုံ/ပယ်ဖျက်ခလုတ် တို့ကို ကလစ်နှိပ်ပါ။
  • ဝက်ဘ်ဆိုက်မှတစ်ဆင့် (လော့ဂ်အင်ဝင်ပြီးနောက်)- ကျွန်ုပ် -> ဘဝနေထိုင်မှုပုံစံ -> လှုပ်ရှားမှုများ -> ‘‘ကျွန်ုပ်၏ အားကစား’’ ရှိ အားကစားတစ်ခုနှင့် အမှိုက်ပုံးပုံ/ပယ်ဖျက်ခလုတ် တို့ကို ကလစ်နှိပ်ပါ။

ခြေရာခံထားသော အားကစားကို ကြားခံဆောင်ရွက်သူ၏ စက် သို့မဟုတ် အက်ပ်မှ ထည့်သွင်းထားပြီး Chubb LifeBalance တွင် ဖျက်လိုက်သောအခါ နောက်တစ်ကြိမ် ဒေတာတစ်ပုံစံတည်း ညှိချိန်တွင် အားကစားလုပ်ထားသည့် ဒေတာသည် Chubb LifeBalance အတွင်း ပြန်ရောက်လာနိုင်ပါသည်။ အားကစား လှုပ်ရှားမှုကို ကြားခံဆောင်ရွက်သူ၏ စက် သို့မဟုတ် အပလီကေးရှင်းမှ တိုက်ရိုက် ပယ်ဖျက်ရန် အကြံပြုပါသည်။ သို့မှသာ ထိုအားကစား လှုပ်ရှားမှုကို Chubb LifeBalance နှင့် ပြန်မပေါင်းထည့်မိမည် ဖြစ်ပါသည်။ 

၅။ ရည်မှန်းချက်များ

Chubb LifeBalance တွင် လှုပ်ရှားမှု ရည်မှန်းချက်များ၊ အာဟာရ ရည်မှန်းချက်များနှင့် အထွေထွေ ရည်မှန်းချက်များ အပါအဝင် ရည်မှန်းချက် အမျိုးမျိုး ရှိပါသည်။ လှုပ်ရှားမှုနှင့် အာဟာရ ရည်မှန်းချက်များက သင့်ကျန်းမာရေးနှင့် ကောင်းမွန်စွာ နေထိုင်ရေး တိုးတက်စေမည့် ပုံမှန်လှုပ်ရှားမှု အသစ်များ ဖန်တီးရန် စိတ်ဓာတ်မြှင့်တင်ပေးနိုင်ပါသည်။ အောင်မြင်ပြီးမြောက် သွားသော ရည်မှန်းချက်များကို Chubb LifeBalance ရမှတ်များဖြင့် ဆုချီးမြှင့်ပါသည်။

မိုဘိုင်းအက်ပ် သို့မဟုတ် ဝက်ဘ်ဆိုက် (mm.chubblifebalance.com) တွင် ရည်မှန်းချက်များ ပေါင်းထည့်ပြီး ဝင်ရောက်နိုင်ရန် အောက်ပါအတိုင်း အဆင့်ဆင့် ပေါင်းထည့်နိုင်ပါသည်။

  • Chubb LifeBalance မိုဘိုင်းအက်ပ်- ရည်မှန်းချက်များ အကျဉ်းချုပ် စာမျက်နှာသို့ဝင်ရန် ‘‘သင်ကြားသူ’’ ကိုနှိပ်ပြီး ‘‘ရည်မှန်းချက်များ’’ ကိုနှိပ်ပါ။ ရရှိနိုင်သော ရည်မှန်းချက်များကို အကန့်များဖြင့် ဖော်ပြထားပြီး ဘယ်/ညာ ရွှေ့ကာ စိတ်ဝင်စားမှု အရှိဆုံး ရည်မှန်းချက်များကို ရှာနိုင်ပါသည်။ ထို့ပြင် သက်ဆိုင်ရာ ကဏ္ဍများမှ ရရှိနိုင်သော ရည်မှန်းချက်အားလုံးကို ဝင်ရောက်ရန် ‘‘Chubb LifeBalance သင်ကြားသူ’’၊ ‘‘လှုပ်ရှားမှု သင်ကြားသူ’’ သို့မဟုတ် ‘‘အာဟာရ သင်ကြားသူ’’ ကိုနှိပ်နိုင်ပါသည်။ ရည်မှန်းချက် အသေးစိတ် စာမျက်နှာကိုဝင်ရန် စိတ်ဝင်စားသော ရည်မှန်းချက်ကို နှိပ်ပါ။ ဝင်ရန် ‘‘ရည်မှန်းချက် ပေါင်းထည့်မည်’’ ကိုနှိပ်ပါ။ အခြားနည်းလမ်း တစ်ခုမှာ ရည်မှန်းချက်များ ပင်မထိန်းချုပ်နေရာရှိ ‘‘ကျွန်ုပ်’’ စာမျက်နှာမှတစ်ဆင့် ခဲတံပုံကို နှိပ်ကာ ရည်မှန်းချက် ပေါင်းထည့်နိုင်ပါသည်။
  • ဝက်ဘ်ဆိုက်မှ ဝင်ခြင်း (လော့ဂ်အင် ဝင်ချိန်)- ‘‘သင်ကြားသူ’’ ကိုနှိပ်ပြီး ‘‘ရည်မှန်းချက်များ’’ ကိုနှိပ်ပါ။ ရရှိနိုင်သော ရည်မှန်းချက်များကို ကဏ္ဍ တစ်ခုချင်းအတွက် (Chubb LifeBalance သင်ကြားသူ၊ လှုပ်ရှားမှု သင်ကြားသူ သို့မဟုတ် အာဟာရ သင်ကြားသူ) အကန့်များဖြင့် ဖော်ပြထားပြီး ဘယ်/ညာ ခလုတ်များနှိပ်ကာ စိတ်ဝင်စားမှု အရှိဆုံး ရည်မှန်းချက်များကို ရှာနိုင်ပါသည်။ ရည်မှန်းချက် အသေးစိတ် စာမျက်နှာကိုဝင်ရန် စိတ်ဝင်စားသော ရည်မှန်းချက်ကို နှိပ်ပါ။ ဝင်ရန် ‘‘ရည်မှန်းချက် ပေါင်းထည့်မည်’’ ကိုနှိပ်ပါ။ အခြားနည်းလမ်း တစ်ခုမှာ ရည်မှန်းချက်များ ပင်မထိန်းချုပ်နေရာရှိ ‘‘ကျွန်ုပ်’’ စာမျက်နှာမှတစ်ဆင့် ခဲတံပုံကို နှိပ်ကာ ရည်မှန်းချက် ပေါင်းထည့်နိုင်ပါသည်။

ရည်မှန်းချက်တစ်ခုထဲ သင်ဝင်လိုက်သည်နှင့် ‘‘ကျွန်ုပ်၏ ရည်မှန်းချက်များ’’ အောက်မှ ရည်မှန်းချက်များ အကျဉ်းချုပ် စာမျက်နှာတွင် ယင်းကိုဖော်ပြထားပါမည်။

အာဟာရ ရည်မှန်းချက်များကို တစ်ကြိမ်လျှင် အများဆုံး သုံးခုအထိ ပေါင်းထည့်နိုင်ပါသည်။ ရည်မှန်းချက် အသစ်တစ်ခု မစတင်မီ အသုံးပြုသူက နောက်ထပ် ပွင့်နေသော ရည်မှန်းချက်ကို ပြီးစီးသင့် (ဖယ်ရှားသင့်) ပါသည်။

test page