နှစ်သစ်ကို ကျန်းမာခြင်းနဲ့ စတင်တာဟာ နည်းလမ်းကောင်း တစ်ခုဖြစ်ပြီး အဲဒီအတွက် ဆောင်ရွက်နိုင်တဲ့ နည်းလမ်းများစွာ ရှိပါတယ်။ ဆိုလိုတာက သင့်အတွက် အဆင်ပြေတဲ့ အရာတစ်ခုခုကို ရှာဖွေရတာက အတော်လေး လွယ်ကူပါတယ်။ ဒါပေမယ့် ကျန်းမာကြံ့ခိုင်ရေးဟာ သင်လှုပ်ရှားတဲ့ အားကစား ဒါမှမဟုတ် သင်စားလိုက်တဲ့ အစားအသောက်မျှသာ မဟုတ်ဘဲ သင့်ဘာသာ သတ်မှတ်ထားတဲ့ ရည်မှန်းချက်များနဲ့လည်း ဆိုင်ပါတယ်။

အလေ့အထများ ပြောင်းလဲရန် ရည်မှန်းနေပါက ရည်မှန်းချက်ရှိခြင်းဟာ အရေးအကြီးဆုံး ကနဉီးခြေလှမ်းတစ်ခု ဖြစ်ပါတယ်။ သင်ဆက်လုပ်ရမယ့် အရာကို သိရှိစေပြီး အရှိန်မပြတ်အောင်လည်း အားပေးပါတယ်။ မကောင်းတဲ့အချက်ကတော့ သင့်တော်တဲ့ ရည်မှန်းချက်များ အသင့်မရှိရင် ဘယ်တော့မှ ရည်မှန်းချက် အောင်မြင်မှာ မဟုတ်တော့ပါဘူး။

သင်တကယ် အောင်မြင်နိုင်တဲ့ ရည်မှန်းချက်များကိုသာ သတ်မှတ်ဖို့ လိုပါတယ်။ ဒါမှသာ အပြုသဘော ဆက်ရှိနေပြီး သင့်ခရီးစဉ်ကို မဖြစ်နိုင်ဘူးလို့ မထင်မိတော့ပါဘူး။ သင်အရမ်း အားမစိုက်မိ တော့တဲ့အတွက် ဒီအချက်ဟာ ကျန်းမာစေတဲ့ နည်းလမ်းဖြစ်ပါတယ်။ အဲဒီလိုအလွန်အကျွံ အားစိုက်မိရင် ဖျားနာမှုနဲ့ ထိခိုက်ဒဏ်ရာတို့ ရရှိစေနိုင်ပါတယ်။

အဲဒီလို ဆောင်ရွက်နိုင်အောင် ကျန်းမာစေတဲ့ ရည်မှန်းချက်များ ချမှတ်နည်းအကြောင်း သိသင့်တဲ့ အချက်တွေကတော့-

လက်တွေ့ကျခြင်း

ဧဝရတ်တောင်ကို တက်မလား ဒါမှမဟုတ် ကိုယ်အလေးချိန် ထက်ဝက်လျှော့ချမလား ဆိုရင် ရည်မှန်းချက် သတ်မှတ်တာကတော့ မှန်ပါတယ်။ ဒါပေမဲ့ ဒါကသင့်ကနဦး ရည်မှန်းချက် မဖြစ်သင့်ပါဘူး။ အသေးအဖွဲနဲ့ စတင်ဖို့၊ ဆက်လက် တိုးမြှင့်သွားနိုင်သော ရည်မှန်းချက်များ သတ်မှတ်ဖို့နဲ့ သတ်မှတ်အချိန်ကာလ တစ်ခုအတွင်း အောင်မြင်ဖို့ လိုပါတယ်။

ဥပမာ၊ ကိုယ်အလေးချိန် ကျလိုပါက ကျန်းမာစေတဲ့ လျှော့ချနှုန်းကို သာမက အဲဒီလိုဖြစ်ဖို့ ဘာလုပ်ရမယ်ဆိုတာ လေ့လာပါ။ အဲဒီအခါ သင့်တော်တဲ့ အပတ်စဉ် ရည်မှန်းချက် အတွက် စိတ်ကူးကောင်း ရရှိစေသလို လအနည်းငယ်အတွင်း ဘယ်လောက် လျှော့ချသင့်တာကိုလည်း သိရှိစေပါတယ်။

ဆိုလိုတာက အောင်မြင်မှုဟာ လက်တစ်ကမ်းမှာ နီးနီးကပ်ကပ် ရှိနေတဲ့အတွက် အသေးအဖွဲ အောင်မြင်မှုများကို အောင်ပွဲခံနိုင်ပါတယ်။ အဲဒီအခါ အဆုံးစွန် ရည်မှန်းချက် ရောက်တဲ့အထိ ဆက်လက် အရှိန်ထိန်းထားနိုင်ပါလိမ့်မယ်။ ဆိုလိုတာက အောင်မြင်မှုဟာ လက်တစ်ကမ်းမှာ နီးနီးကပ်ကပ် ရှိနေတဲ့အတွက် အသေးအဖွဲ အောင်မြင်မှုများကို အောင်ပွဲခံနိုင်ပါတယ်။ အဲဒီအခါ အဆုံးစွန် ရည်မှန်းချက် ရောက်တဲ့အထိ ဆက်လက် အရှိန်ထိန်းထားနိုင်ပါလိမ့်မယ်။

အလျှော့အတင်း အနည်းငယ် ပေးထားပါ

သင့်ကျန်းမာကြံ့ခိုင်ရေး ပိုကောင်းတာက နေ့ချင်းညချင်း ဖြစ်မလာပါဘူး။ လုပ်ဆောင်ရ ခက်ခဲတဲ့ အလုပ်မှာ စိတ်နှစ်ထားဖို့ လိုပါတယ်။ အစီအစဉ် ဒါမှမဟုတ် အစဉ်အလာ တစ်ခုအတိုင်း လိုက်နာဖို့ လိုပေမယ့် မကြာခဏ နားချိန်ပေးဖို့ အရေးကြီးပါတယ်။ အဲဒါက သင့်ရည်မှန်းချက်များမှာ ထင်ဟပ်သင့်ပါတယ်။

သင့်ရည်မှန်းချက်များ အောင်မြင်ဖို့ အချိန်ပိုပေးခြင်းဖြင့် မကြာခဏ ချွတ်ချော်သွားရင် အတိုးအဆုတ်အနည်းငယ် ရပါမယ်။ သင်ကိုယ်တိုင် မပျော်ရွှင်ဘဲ အချို့အချိန်များမှာ သင့်စည်းကမ်းချက်များ မလျှော့ပေးနိုင်ရင် လှုပ်ရှားမှု အားစိုက်ပေမယ့်လည်း အဓိပ္ပာယ် သိပ်မရှိတော့ပါဘူး။

သတ်မှတ်နေရာတစ်ခုကို ရောက်အောင် အချိန်ပိုပေးခြင်းဖြင့် စိတ်ဖိစီးမှု အချို့ကို လျှော့ချရင်း အဲဒီရည်မှန်းချက်ကို အမှန်တကယ် ပိုပြီး ရောက်စေနိုင်ပါတယ်။ အဲဒီမတိုင်မီ သင့်ရည်မှန်းချက် အောင်မြင်ရင် အပိုဆုရတာနဲ့ တူပါတယ်။

အောင်မြင်မှု တိုင်းတာမယ့် နည်းလမ်းကို သိထားပါ

သင့်ရည်မှန်းချက်များဆီ ဘယ်လို ကြိုးစားသွားမယ်ဆိုတာ အပြင် သင့်အောင်မြင်မှုကို ဘယ်လို တိုင်းတာမယ်ဆိုတာ ကိုလည်း သိထားဖို့ လိုပါတယ်။ အဲဒီအခါ သင့်တိုးတက်မှုကို ခြေရာခံနိုင်ပြီး အဆင်ပြေတာကို မြင်နိုင်ပါတယ်။

ကိုယ်အလေးချိန် လျှော့ချမှုနဲ့ ပတ်သက်ရင် ပေါင်ချိန် ဒါမှမဟုတ် လက်မ စတဲ့ လျှော့ချလိုတဲ့ အတိုင်းအတာကို ဆုံးဖြတ်ပါ။ နှစ်ခုစလုံးကို သင်တိုင်းတာနိုင်ပေမယ့် တစ်ခုကိုရွေးရင် တစ်ခုကိုဖယ်ရှားရမှာ ဖြစ်တဲ့အတွက် သင့်ရည်မှန်းချက်တွေ မကိုက်ညီတော့ပါဘူး။ အဓိက အာရုံစိုက်မှု တစ်ခုကို ရွေးချယ်ကာ သင်ဆောင်ရွက်မယ့်ပုံကို ခြေရာခံဖို့ အဲဒါကို အသုံးပြုသွားပါ။

ကြံ့ခိုင်မှုအတွက် သင်လမ်းလျှောက်တဲ့ ခြေလှမ်း အရေအတွက်၊ သင်ပြေးတဲ့ မိုင်အရေအတွက်၊ ရေကူးတဲ့ အကွာအဝေး ဒါမှမဟုတ် သင်ရည်မှန်းတဲ့ အလေးပြားများ မ နိုင်တဲ့ပမာဏတို့ကို အသုံးပြုနိုင်ပါတယ်။ တစ်ကြိမ်လျှင် အတိုင်းအတာပုံစံ အများကြီးကို အာရုံစိုက်မိရင် သင့်ရည်မှန်းချက်တွေ ရှုပ်ထွေးစေနိုင်တဲ့အတွက် အဲဒီလို အများကြီး အာရုံမစိုက်ပါနဲ့။

မှတ်တမ်းတင်ထားပါ

သင့်တိုးတက်မှုကို ချရေးထားတာ ဒါမှမဟုတ်  တိုးတက်မှု ခြေရာခံဖို့ Chubb LifeBalance အက်ပ်ကို အသုံးပြုတာကနေ သင်ဘယ်လောက် ဆောင်ရွက်တာကို ဖော်ပြရုံသာမက သင့်တိုးတက်မှုကို နှောင့်နှေးစေတဲ့ အပြောင်းအလဲနဲ့ ဆုံးဖြတ်ချက်အချို့ ရှိ၊ မရှိကိုလည်း သိစေနိုင်ပါတယ်။ ဆိုလိုတာက သင်ဘယ်လောက် အောင်မြင်ခဲ့ပြီကို ရှုပ်ထွေးတာ မဖြစ်တော့ပါဘူး။ ကိုယ်အလေးချိန် ဘယ်လောက် ကျသွားတယ် ဒါမှမဟုတ် သင့်အပြေးလေ့ကျင့်ချိန် ဘယ်လောက် တိုးတက်လာတယ် ဆိုတာကို မြင်နိုင်တဲ့အတွက် ဖြစ်ပါတယ်။

မှတ်တမ်းထားရှိတဲ့အခါ သင့်ဆုံးဖြတ်ချက်များကို သင်တာဝန်ခံမှု ရှိစေပြီး သင့်ကျန်းမာရေးအတွက် မှန်မှန်ကန်ကန် ရွေးချယ်နေတယ်ဆိုတာ မြင်တွေ့စေနိုင်ပါတယ်။ အဲဒီလို ဆောင်ရွက်ရန် အဆင်ပြေလွယ်ကူတဲ့ နည်းလမ်းကို ရှာဖွေပါ။ ဘာလို့လဲဆိုတော့ သင့်တော်သလို ခြေရာခံနိုင်ပြီး လိမ်လို့မရတဲ့အတွက် ဖြစ်ပါတယ်။

Chubb LifeBalance အက်ပ်ကို သင့်ဖုန်းထဲသို့ ဒေါင်းလုတ်ယူကာ ဘယ်နေရာရောက်ရောက် ဝင်နိုင်တဲ့အတွက် သင့်တိုးတက်မှုကို စစ်ဆေးရန် အမှန်ပင် လွယ်ကူပါတယ်။ သင့်အတွက်သီးသန့် ကျန်းမာရေး ရမှတ်ကို ဖော်ပြပေးတာ၊ သင့်ကျန်းမာရေး အပေါ် သက်ရောက်နိုင်သော နယ်ပယ်များစွာကို စောင့်ကြည့်ပေးတာ၊ သူငယ်ချင်းများနဲ့ ချိတ်ဆက်တာတို့ ပါဝင်ပါတယ်။

အဲဒီနည်းလမ်းများသုံးကာ ရည်မှန်းချက်များ ချမှတ်ပါက သင့်အတွက် ကျန်းမာပြီး၊ အောင်မြင်မှု ရရှိနိုင်ပြီး သင့်တော်အောင် ကူညီပါတယ်။ ဒါ့အပြင် အောင်မြင်မှုတိုင်းကို သင်ကအောင်ပွဲခံနိုင်ပြီး ကြိုးစားမှု အသီးအပွင့်များ ရရှိစေပါတယ်။