Chubb LifeBalance ကို ယခုအခါ မြန်မာနိုင်ငံတွင် အခမဲ့ ရရှိနိုင်ပါပြီ။
ဘဝသည် အဖိုးတန်ပါသည်။
မှန်ကန်သော ကျန်းမာရေး အလေ့အထများကို ရွေးချယ်ပါ။
Chubb LifeBalance ကို ယခုအခါ မြန်မာနိုင်ငံတွင် အခမဲ့ ရရှိနိုင်ပါပြီ။
ဘဝသည် အဖိုးတန်ပါသည်။
မှန်ကန်သော ကျန်းမာရေး အလေ့အထများကို ရွေးချယ်ပါ။
ကျွန်ုပ်တို့၏ ကျန်းမာရေး အရည်အသွေးကို ကျွန်ုပ်တို့၏ ရွေးချယ်မှုများက ဆုံးဖြတ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် Chubb LifeBalance ကို မြန်မာနိုင်ငံတွင် လူတိုင်းအတွက် အခမဲ့ ရရှိအောင် ဖန်တီးလိုက်ရခြင်း ဖြစ်ပါသည်။
Chubb LifeBalance သည် 360° နည်းလမ်းဖြင့် သင်၏ ကျန်းမာရေးနှင့် ကောင်းမွန်စွာ နေထိုင်ရေးအတွက် နည်းပြတစ်ဦးကဲ့သို့ဖြစ်ပြီး ပိုမိုကျန်းမာသော ဘဝနေထိုင်မှုပုံစံဖြင့် နေထိုင်နိုင်အောင် သင့်ကို တိုက်တွန်းအားပေး ပါသည်။ သင့်လှုပ်ရှားမှု အဆင့်၊ အစားအသောက် အလေ့အထ၊ အိပ်စက်မှုပုံစံ၊ စိတ်ဓာတ်နှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတို့ကို ခြေရာခံနိုင်အောင် အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ချက်ကို ရယူပါ။ ကျန်းမာရေးရမှတ်အပေါ် တိုက်ရိုက် သက်ရောက်မှုကိုကြည့်ပြီး သင့်တိုးတက်မှုအတွက် ဆုများရယူပါ။
သူငယ်ချင်းများနှင့် ချိတ်ဆက်ပြီး သင့်အောင်မြင်မှုများကို မျှဝေကာ စိန်ခေါ်မှုများတွင် အနိုင်ယူလိုက်ပါ။
သင့်ဘဝနေထိုင်မှုပုံစံသည် သင်၏ အထွေထွေ ကျန်းမာရေးအတွက် အဓိကကျသော အပိုင်းဖြစ်ပါသည်။ အားကစား၊ အာဟာရ၊ စိတ်ဖိစီးမှု၊ အိပ်စက်မှုတို့ကို သင်က ခြေရာခံနိုင်ပြီး သင်၏ ဆေးလိပ်နှင့် အရက် သောက်သုံးမှုတို့ကို ဖော်ပြနိုင်သည်။ ထို့ပြင် ထိုအချက်က Chubb LifeBalance တွင် သင်၏ ကျန်းမာရေး ရမှတ်ကို မည်သို့ပေါ်ထွက်စေကြောင်း ကြည့်နိုင်ပါသည်။
သင့်ခန္ဓာကိုယ်၏ ကိန်းဂဏန်း တန်ဖိုးများမှာ Chubb LifeBalance တွင် သင်၏ ကနဦး ကျန်းမာရေး ရမှတ်ကို သတ်မှတ်ပေးပါသည်။ သင်၏ ကျား/မ၊ အသက်အရွယ်၊ အရပ်၊ ကိုယ်အလေးချိန်နှင့် အခြားသော ညွှန်းကိန်းများကို ကမ္ဘာပေါ်ရှိ အချက်အလက်များ၊ ဆေးပညာ လေ့လာမှုများနှင့် နှိုင်းယှဉ်ပြသပါသည်။
သင်၏ စိတ်ခံစားချက်များမှာ သင်၏ အထွေထွေ ကျန်းမာရေးကို အထူး အရေးပါသောနေရာမှ သက်ရောက်မှု ရှိပြီး Chubb LifeBalance တွင် သင်၏ ကျန်းမာရေးရမှတ်ပေါ်တွင်လည်း လွှမ်းမိုးမှု ရှိပါသည်။ သင့်ဘဝ အရည် အသွေးနှင့်ဆိုင်သည့် ကိုယ်တိုင် အကဲဖြတ်ရန် စစ်တမ်းများက သင့်စိတ်အစဉ်ကို ဆွဲဆောင်နေပါသည်။
Chubb LifeBalance သည် လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ယောဂ၊ လက်ဝှေ့၊ ရေကူး၊ ဘတ်စကက်ဘော၊ စားပွဲတင် တင်းနစ် စသည်တို့အပါအဝင် လုပ်ဆောင်မှုပေါင်း ၁၁၅ ခုကျော်ကို သိရှိနိုင်ပါသည်။
သင်၏ခြေရာခံသော အက်ပ် သို့မဟုတ် ကျန်းမာရေး လက်ပတ်နာရီနှင့် ချိတ်ဆက်ခြင်းအားဖြင့် သင့်လှုပ်ရှားမှုများကို သင်က ကိုယ်တိုင်ဖြစ်စေ၊ အလိုအလျောက် ဖြစ်စေ ခြေရာခံနိုင်ပါသည်။
Chubb LifeBalance ရှိ ကျန်းမာရေး ရမှတ်သည် ၁ (အနည်း) မှ ၁၀၀၀ (အများ) အထိ သိပ္ပံနည်းကျ တွက်ချက်ထားသည့် နံပါတ်ဖြစ်ပါသည်။ သင့်ခန္ဓာကိုယ်၊ စိတ်ခံစားချက် ကျန်းမာရေးနှင့် ဘဝနေထိုင်မှု အချက်အလက် အပြောင်းအလဲများပေါ် မူတည်ပြီး ထိုရမှတ်ကို အချိန်နှင့်တစ်ပြေးညီ အတိုးအလျှော့ ပြုလုပ်ထားပါသည်။
သင်ဟာ ကျန်းမာအောင် ကြိုးစားနေတယ်ဆိုရင် အမှားအသေးလေးတွေကနေလည်း တဖြည်းဖြည်းများလာနိုင်ပါတယ်။ ဒါကြောင့် အတွေ့အများဆုံး အစားအသောက်ဆိုင်ရာ အမှားတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဆက်လက်ဖတ်ရှုရန်...
စိတ်ဖိစီးမှုဆိုတာ ရှောင်လွှဲလို့မရပေမယ့် ရှင်းပစ်လို့မရတာမျိုးမဟုတ်ပါဘူး။ တိုက်ထုတ်ပစ်နိုင်မယ့် လက်တွေ့ကြတဲ့နည်းလမ်းတွေကို ဒီနေရာကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
ကိုယ်လုပ်နိုင်မယ်ထင်တဲ့ ရည်မှန်းချက်ရှိခြင်းဟာ သင့်ကို ရှေ့ဆက်ပြုလုပ်နိုင်အောင် တွန်းအားပေးပါလိမ့်မယ်။ မှန်ကန်တဲ့ ရည်မှန်းချက်တွေ ဘယ်လိုချရမလဲဆိုတာ ဒီနေရာကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
ကျွန်ုပ်တို့၏ အမေးများသော မေးခွန်းများ တွင် ဖတ်ရှုပါ သို့မဟုတ် Chubb LifeBalance နှင့်ပတ်သက်သော အထွေထွေ မေးခွန်းများ၊ မှတ်ချက်များနှင့်အကြံပြုချက်များအတွက် ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။